ဘဝဟူသည် တိုက်ဆိုက်မှုတစ်ခုလား။

ဤစကားလုံးများကိုဖတ်ရှုဖို့ရန် သင်အသုံးပြုနေသော ကွန်ပြူတာ၊ ဖုန်း သို့မဟုတ် စက်ကိရိယာ ပစ္စည်းများကို တဏခလောက် ဆင်ခြင်ကြည့်ပါ။ ထိုစက်ကိရိယာပစ္စည်းများသည် အလိုအလျောက် ဖြစ်လာကြသည်ဟု တစ်စုံတစ်ဦးက သင့်အား ပြောဆိုခဲ့လျှင် သင်ယုံကြည်လက်ခံမည်လော။ အစိတ်အပို်င်းအားလုံးသည် သူ့အလိုလိုဖြစ်ပေါ်လာပြီး စုပေါင်းဖြစ်သည်လာကြပါသလား။ သဘာ ၀အားဖြင့်ဆိုရသော် တိကျသေချာသောလုပ်ငန်းတစ်ခုအတွက် တစ်စုံတစ်ဦးက အစီအစဉ်ချမှတ်၊ ဒီဇိုင်းရေးဆွဲပြီး ပြုလုပ်ကြသည်ကို သင်သိရှိထားပါသည်။

ကမ္ဘာကြီး၏ကျန်ရှိနေသောအစိတ်ပိုင်း၊ ဘဝအသက်တာတို့သည် ယေဘုယျအားဖြင့် မည်သို့ဖြစ် မည်နည်း။ ကမ္ဘာလောကကြီးမှာ နည်းပညာနှင့်ဆိုင်သောစက်ကိရိယာထက် ပို၍ ရှုပ်ထွေးပြီး ကြီး မားလှသည်မှာ သံသယပွါးရန်ပင်မလိုပေ။ ကျွနု်ပ်တို့လူသားခန္ဒာသည် အဘယ်မျှလောက် မယုံနိုင် ဖွယ်ဖြစ်ကြောင်းကို ဆင်ခြင်ကြည့်ပါ။ အံ့သြစရာကောင်းလောက်သည့်အရာဖြစ်လာစေရန် အလို အလျောက်ဖြစ်လာခြင်းနှင့်တိုက်ဆိုင်ခြင်းထက် သာ၍ ကြီးမားလှသည်။

တနည်းအားဖြင့်၊ ကမ္ဘာကြီးသည် အသက်ရှင်ရန် ပရမ်းပတာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သောနေ ရာတစ်ခုကဲ့သို့ ထင်နေရသည်။ သို့ရာတွင် ကမ္ဘာလောကကြီးကို ဖန်ဆင်းသူမှာ ကျွနု်ပ်တို့၏သခင်၊ အဘဘုရားသခင်ဖြစ်တော်မူသည်ဟူသောအချက်မှာ ရှိနေသေးသည်။

ကျွနု်ပ်တို့အားလုံးနှင့်ကျွနု်ပ်တို့ပတ်ဝန်းကျင်တွင်ရှိသောကမ္ဘာကြီးသည် ဘုရားသခင်၏ဆုံးဖြတ်ချက်ကြောင့် တည်ရှိလာသည်။ သူသည် ကမ္ဘာကြီးကိုဖန်ဆင်းပြီး အရာခပ်သိမ်းကို ရည်ရွယ်ချက်တစ်ခုအတွက် ဖန်ဆင်း ထားခြင်းဖြစ်သည်။ အဘယ်အရာမျှ တိုက်ဆိုင်မှုဖြင့်ဖြစ်လာသည်ဟူ၍ မရှိ။ အငယ်ဆုံးတိုင်အောင် အသေး စိတ်လေ့လာကြည့်လျှင် အလေးအနက်ထားပြီး အံ့သြဘွယ်ရာဖန်ဆင်းထားကြောင်းကို တွေ့ရှိရပါသည်။ အဘယ်သူ၏ဘဝအသက်တာမျှ တိုက်ဆိုင်မှုဖြစ်သော်လည်းကောင်း၊ သို့မဟုတ် မတော်တဆမှုဖြင့်သော် လည်းကောင်း ဖြစ်လာခြင်းမဟုတ်ပါ။ ဘုရားသခင်က သင့်အား ရှိနေစေလိုသောကြောင့် သင်ရှိနေရခြင်း ဖြစ်သည်။ သင့်ဘဝအသက်တာဟူသည်မှာ အလေးအနက်ထားပြင်ဆင်ခြင်းနှင့်ကြီးမားသည့် မဟာမေတ္တာ တော်၏အကျိုးဆက်ပင်ဖြစ်သည်။

“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ တဖန် ဘုရားသခင် က “ငါတို့ပုံသဏ္ဍာန်နှင့်တညီ တသဏ္ဍာန်းတည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို ၄င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၄င်း၊ သားယဉ်တို့ကို၄င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာတွား တတ်သောတိရစ္ဆာအပေါင်းတို့ကို၄င်း၊ အုပ်စိုးစေ” ဟု အမိန့်ရှိ၏။ ထိုသို့ဘုရားသခင်သည် မိမိပုံသ ဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီ လူယောကျ်ား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်၊ ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၏။”
(၁။ ကမ္ဘာဦး ၁း၁၊ ၂၆-၂၇၊ ၃၁ )

ဆုတောင်းချက်၊ ချစ်သောသခင်၊ ကျွနု်ပ်အားပေးသနားတော်မူသော ဘဝအသက်တာဆုကျေးဇူး တော်များကို မြင်တွေ့နိုင်ရန် ကျွနု်ပ်မျက်စိတော်ကို ဖွင့်ပေးတော်မူပါ။ စိတ်နှလုံးအကြွင်းမဲ့ဖြင့် အမြဲ တမ်း ချီးမွမ်းထောမနာပြုနိုင်ခြင်းအလို့ငှါ မစမူပါ။