ဘဝအဓိပ္ပါယ်ဆိုသည်မှာ အဘယ်နည်း။

လူသားတစ်ဦးအတွက် အခြေခံအကျဆုံးသောလိုအပ်ချက်တစ်ခုမှာ ၄င်းတို့အသက်တာအတွက် ထားရှိသောရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိခြင်းပင်ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ထိုရည်ရွယ်ချက်ကို အရာဝတ္ထုများထဲမှလည်းကောင်း၊ မိသားစုတစ်ခုစတင်ခြင်းအားဖြင့် သို့မဟုတ် ကောင်းမှုကုသိုလ် ပြုခြင်းအားဖြင့် သို့မဟုတ် မိမိကိုယ်ကို အသိဉာဏ်ဗဟုသုတကြွယ်ဝသူဖြစ်စေရန် ကြိုးစားအား ထုတ်ခြင်းဖြင့် ပတ်ဝန်းကျင်တွင် နေထိုင်ကြကုန်သောလူများ၊ အလုပ်တစ်ခုထံမှလည်းကောင်း မ ကြာခဏ ရှာဖွေလေ့ရှိကြပါသည်။ သို့ရာတွင် ဤအရာတစ်စုံတစ်ခုကမျှ ကျွနု်ပ်တို့ကို ကျေနပ်စေ နိုင်ခြင်းမျိုးမရှိပါ။ သို့မဟုတ် ကျွနု်ပ်တို့အတွင်း၌ နက်နက်နဲနဲဖြစ်ပျက်နေသောမေးခွန်းများ၏အဖြေ ကိုပင် ပြည့်ပြည့်ဝဝမပေးနိုင်ပါ။

ကျွနု်ပ်တို့တစ်ဦးချင်းစီအတွက် ဘဝအဓိပ္ပါယ်နှင့်ရည်ရွယ်ချက်ကိုနားလည်သဘောက်ပေါက်စေရန် စတုရန်းပုံတစ်ခုဆီသို့ ပြန်သွားရန် လိုအပ်ပါသည်။ ကျွနု်ပ်တို့အားလုံးသည် ဘုရားသခင်နှင့်မိဿ ဟာရဖွဲ့ရန် ဖန်ဆင်းထားခြင်းဖြစ်ပါသည်။ အကြောင်းမှာ ကျွနု်ပ်တို့သည် ဘုရားသခင်နှင့်ကွဲ၍ အသက်ရှင်လျှင် အလွန်အရေးပါလှသောအရာကို ကျွနု်ပ်တို့ ဆုံးရှုံးနေခြင်းဖြစ်ပါသည်။ ကျွနု်ပ်တို့ အသက်တာအတွက် အရေးပါဆုံးသောပန်းတိုင်သည် ဘုရားသခင်နှင့်ကျွနု််ပ်တို့အား ကွဲကွာစေ သည့်အပြစ်တစုံတရာမရှိဘဲ ဘုရားသခင်နှင့်ဆက်နွယ်မှုတစ်ခုတွင် အသက်ရှင်နေထိုင်ရန် ဖန်ဆင်း ထားသည့်ပုံသဏ္ဍာန်အတို်င်း အသက်ရှင်ရှိနေသင့်ပေသည်။ ၄င်းမှာ ယေရှုသည် အလွန်အရေးပါ ပြီး မရှိမဖြစ်လိုအပ်သောသူဖြစ်ကြောင်း သိရှိရခြင်း၏ အကြောင်းတရားပင်ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ထိုယေရှုအားဖြင့်သာ ဘဝနှင့်၄င်း၏ဘဝအဓိပ္ပါယ်ကို ရရှိနိုင်ပါသည်။ ကျွနု်ပ်တို့ သည် ယေရှုကို ယုံကြည်လက်ခံသောအခါ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဘဘုရားသခင်နှင့် အတူရှိနေရန် ကောင်းကင်ဘုံသို့ တစ်နေ့သွားရလိမ့်မည်။

ကျွနု်ပ်တို့သည် ကောင်းကင်ဘုံကို စေ့စေ့မျှော်ကြည့်နေရသော်လည်း ကျွနု်ပ်တို့၏မြေကြီးပေါ်တွင် ရှိနေသောအသက်တာသည် အချည်းနှီးဖြစ်သည်ဟု မဆိုလိုပါ။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ ချစ် ခြင်းကို ခံစားရသောအခွင့်၊ သူ့အား ပြန်လည် ချစ်ရသည့်အခွင့်၊ ကျွနု်ပ်တို့ပတ်ဝန်းကျင်တွင် အသသက်ရှင်နေထိုင်သူတို့အား ၄င်း၏မေတ္တာကို မျှဝေနိုင်သောအခွင့်တို့ကို ရရှိကြပါသည်။

“ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင်ဆိုင်သောဆုကို ရခြင်း ငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။” (ဖိလိ ၃း ၁၄ )

ဆုတောင်းချက်။ အဘဘုရားသခင်၊ ကျွနု်ပ်၏နားလည်နိုင်မှုဉာသည် လျော့နည်းသောအခါ သွားရ မည့် အလိုတော်ရှိသောလမ်းကို အကျွနု်ပ်အား ပြညွှန်တော်မူပါ။