ဘုရားသခင်သည် တန်ခိုးအာဏာကြီးမားပါသလား။

ကျွနု်ပ်တို့သည် မကောင်းသောအမှုအရာကိုမြင်တွေ့ရင်း ပတ်ဝန်းကျင်၌ အထူးသဖြင့် ကျွနု်တို့အ သက်တာတွင် ဒုက္ခဝေဒနာခံစားနေရသည်ကို မြင်တွေ့ရသောအခါ ဘုရားသခင်သည် တန်ခိုးအ စွမ်း အမှန်တကယ် ရှိပါသလား၊ မေတ္တာရှင်ဖြစ်ပါသလား စသဖြင့် သံသယစိတ်တွေ ၀င်လာတတ် ပါသည်။ သို့ရာတွင် ထိုအချိန်ကာလအတွင်း၌ပင်လျှင် ကျွနု်ပ်တို့၏ကန့်သတ်ထားနိုင်သောစိတ်နှ လုံးထက် သာ၍ အမှီတဟဲပြုနိုင်သော ဘုရားသခင်၏နှုတ်ကပတ်တော်တကို ယုံကြည်ကိုးစားရပါ မည်။

သမ္မာကျမ်းစာက ဘုရားသခင်သည် လောကတစ်ခွင်လုံးကို အုပ်စိုးသောအရှင် ဘုရားတကာတို့၏ ဘုရား၊ ဘုရင်တကာတို့၏အရှင်ဖြစ်သည်ဟု မိန့်ဆိုထားသည်။ သူသည် အရပ်ခပ်သိမ်းကို မြင် တော်မူသည်။ အရာခပ်သိမ်းကို သိတော်မူသည်။ သူ၏ခွင့်ပြုထားချက်မရှိဘဲ အဘယ်အမှုမျှ ဖြစ်မ လာနိုင်ပါ။ သို့ရာတွင် လူတို့၏ အပြစ်ထဲလဲကျမှုကြောင့် မာရ်နတ်သည် ဤကမ္ဘာကြီးထဲတွင် အညှာ ကို ဆုပ်ကိုင်ထားသော်လည်း ဘုရားသခင်၏ခွင့်ပြုချက်မရှိလျှင် သူသည် အဘယ်အရာကိုမျှ လုပ် ဆောင်နိုင်ခြင်းမရှိပါ။ စာတန်သည် ကျဆုံးပြီးသားသူဖြစ်ပါသည်။ သူသည် ဘုရားသခင်၏တန်ခိုးကို တုနှိုင်းရာတွင် တန်ခိုးမဲ့သောသူဖြစ်သည်။ ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံပြီး ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မာရ်နတ်နှင့်၄င်း၏စွမ်းအားများကို ရိုက်ချိုးပစ်ခဲ့သည်။

ဘုရားသခင်၏အကြံအစည်တော်သော်လည်းကောင်း၊ တခါတရံ သူတို့လုပ်ဆောင်သည်လမ်း ရပ်တန့်ရသည့်အကြောင်းရင်းသော်လည်းကောင်း ကျွနု်ပ်တို့နားလည်ရန် ခက်ခဲလှသည်။ သို့ရာ တွင် သူသည် ကြိုးကိုင်သောသူဖြစ်သဖြင့် အစဉ်သဖြင့် အားကိုးယုံကြည်ထားနိုင်ပါသည်။ တန်းခိုး ကြီးမားသောဘုရားသခင်သည် သာ၍ကြီးသောပုံရိပ်ကို မြင်ခဲ့သည်။ ထို့ကြောင့် ကျွနု်ပ်တို့အတွက် အကောင်းဆုံးသောအရာကိုလည်း သိတော်မူသည်။ နှုတ်နှင့်မြွတ်ဆိုရုံသက်သက်အားဖြင့် ကမ္ဘာ ကြီးကို ဖန်ဆင်းတော်မူသောဘုရားသခင်သည် ကျွနု်ပ်တို့ကိုလည်း စောင့်ရှောက်နိုင်ပါသည်။ တစ် နေသောအခါ တစ်လောကလုံးက ကျွနု်ပ်တို့ကိုးကွယ်သော ဘုရားသခင်၏ကြီးမြတ်တော်မူခြင်းအ ကြောင်းကို မြင်တွေ့ကြရလိမ့်မည်။

“ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင်ဖြစ်ကြောင်းကို၄င်း၊ မြေကြီးစွန်း တိုင်အောင် ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်းကို၄င်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်း မရှိ၊ စစ်၍မကုန်နိုင်သောဉာဏ်နှင့်ပြည့်စုံတော်မူကြောင်းကို၄င်း၊ သင်သည် မသိမကြားဘူးသ လော။” (ဟေရှာယ ၄၀း ၂၈)

ဆုတောင်းချက်၊ သခင်ဘုရား၊ ကိုယ်တော်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်၌ ကျွနု်ပ်၏လုံခြုံမှုနှင့်မျှော်လင့်ခြင်းကို တွေ့ရှိနိုင်မည်အကြောင်း ကူမတော်မူပါ။